.......................လင်းအိမ်ငယ်လေးမှကြိုဆိုပါသည် မင်္ဂလာအပေါင်းနှင့်ပြည်စုံကြပါစေသား......... ဒီဘလော့လေးကို အလည်လာရောက်သော မိတ်ဆွေများ ပျော်ရွှင်နိုင်ပါစေ................
မူလစာမျက်နှာ နည်းပညာ ဘလော့ စာပေ ဖုန်းဆော့ဝဲလ် နိုင်ငံခြားရုပ်ရှင် မြန်မာရုပ်ရှင် FB ပေါ်မှကဗျာလေးများ

Monday, September 9, 2013

andriod ဖုန်းတွေအတွက် မြန်မာစာ မမှန်ဖြင်းတွေတွေကို ဖြေခြင်းပေးမဲ့ smart zawgyi tool ထွက်ရှိ

                   


                                    andriod အမျိုးစားဖုန်းများတွင် andriod 2.0မှ  4.0ဖုန်းများတွင်မြန်မာစာထည့် သွင်းရာတွင် ဖတ်ရှုရ၊ စာရိုက်ရအဆင်ပြေသောခဲ့ သော်လည်း andriod 4.1နှင့် အထက်ဖုန်းများတွင် မြန်မာစာဖတ်ရှုရစာရိုက်ရအဆင်မပြေခြင်း စာလုံးများရှေ့ နောက်လွဲခြင်း စသည့် error အနည်းငယ် ရှိခဲ့ပါသည်
ယခုအခါ andriod 4.1 နှင့်အထက်ဖုန်းများမှာ မြန်မာစာ မမှန်ခြင်းကို ဖြေခြင်းပေးမဲ့ ဆော့ ဝဲကို
မြန်မာdevelover တစ်ဦးက ရေးသားထုတ်ဝေလိုက်ပြီဖြစ်သည်။ယင်းဆော့ ဝဲအားရေးသားခဲ့ သူ
ကိုကျော်စွာသွင်နှင့် တွေ့ ဆုံမေးမြန်းခဲ့ ပါသည်။
  smart zawgyi ဆိုတာဘာလဲလို့ မေးမြန်းခဲ့ တဲ့ အခါ

"smart zawgyi ကအားလုံးပိုင်တဲ့ font တစ်ခုပါ zawgyi.netနဲ့ alpha mandalay ကဖန်တီးခဲ့ တဲ့ 
zawgyiကိုပြန်လည်မွန်းမံထားတာပါ။
4.2.2 တွေမှာ Unicode Rendering ရလာတော့ လည်း zawgyi font ကမရတော့ ဘူးလေ
ကျွန်တော်တို့ အများဆုံး သုံးတာက zawgyi ဆိုတော့  zawgyiကိုသုံးချင်တဲ့ သူတွေက zawgyiကိုသုံး
Unicode ကိုသုံးချင်တဲ့ သူတွေက ပုံမှန်အတိုင်းသုံးဖို့ အတွက်ပါ" လို့ ဆိုပါတယ်။

ရိုးရိုးzawgyiနဲ့ smart zawgyi ဘယ်လိုကွာခြားချက်ရှိလည်းလို့ မေးကြည့် တဲ့ အခါ

" အခု Release လုပ်လိုက်တဲ့ ကောင်ကတော့ အရင်zawgyiအတိုင်းအလုပ်လုပ်တဲ့ ကောင်ပါ။
Rendering မှန်နေတဲ့ ဖုန်းတွေမှာ မြန်မာစာအမှန်မြင်ရအောင်ပါ" လို့ ကိုကျော်စွာသွင်က
ပြောပါတယ်။

မြန်မာစာမမှန်ခြင်းကိုဖြေရှင်းပေးမဲ့ smart zawgyi tool ကို ဘယ် andriod Version အတွက်
အသုံးပြုနိုင်မလဲဆိုတာနဲ့ ဖုန်းအမျိုးစားဘယ်နှစ်မျိုးလောက်ကိုမြန်မာစာမှန်ကန်စေပါမလဲ
ဆိုတဲ့ မေးမြန်းချက်အပေါ် ကိုကျော်စွာသွင်က

"Andriod 4.2.2သုံးထားတဲ့ နောက်ပိုင်း andriod ဖုန်းအားလုံးနီးပါး မြန်မာစာ ရေးရဖတ်ရမှန်ပါလိမ့် မယ်
" ကိုကျော်စွာသွင်ကဆိုပါတယ်။
ယခုထွက်ရှိလာတဲ့  smart zawgyi tool ကို myanmar mobile app store မှာ download
ယူနိုင်ရန် တင်ပေးထားပါတယ်။နောက်ထက် smart zawgyi tool ကို မိုဘိုင်းဗားရှင်းဆော့ ဝဲ
အနေနဲ့ ထွက်ရှိရန် အစီစဉ်ရှိမရှိကို မေးမြန်းတဲ့ အခါ

"APK နဲ့ ရော windows Installer ကောပါ windows အတွက်တော့ CGI အစား GUI နဲ့ ထုတ်ပါ့ မယ်
..CWM တင်ထားတဲ့ သူတွေ အတွက် Zip ကိုလည်းထုတ်ပါ့ မယ်။open Source အနေနဲ့ ထုတ်မှာပါ။
ကိုကျော်စွာသွင်က ဖြေပါတယ်။

andriod 4.2နှင့် အထက်ဖုန်းများမှာ မြန်မာစာမမှန်ခြင်းကို ဖြေရှင်းပေးတဲ့  tool ကို ရေးသားခဲ့ တဲ့ 
ကိုကျော်စွာသွင်ကို myanmar mobile App store မှမိုဘိုင်း အသုံးပြုသူများကိုယ်စား ကျေးဇူး
အထူးပင်တင်ရှိပါတယ်။

Andriod 4.2နှင့် အထက်ဖုန်းများမှာမြန်မာစာ မမှန်ခြင်းကိုဖြေရှင်းပေးမဲ့ smart zawgyi tool ကို
အောက်ကlink မှာရယူနိုင်ပါတယ်။

ဒီမှာဒေါင်းပါ


smart zawgyi ဆော့ ဝဲအသုံးပြုနည်းကိုတော့  ကိုကျော်စွာသွင်က
" ဖုန်းကိုကွန်ပြူတာမှာတပ်၊ဖုန်းရဲ့  USB Debugging ကို Enable လုပ်၊အခုပေးထားတဲ့ Rar လေးကို
ဖြည်ပြီး အထဲက Install.bat လေးကိုRun လိုက်ရုံပါပဲ"
လို ကိုကျော်စွာသွင်ကရှင်းပြပါတယ်။
အခုလိုမေးမြန်းသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ ကိုကျော်စွာသွင်ကို
myanmar mobile app မှ ကျေးဇူးအထူးပင်တင်ရှိပါတယ်။

ဤလင့် ခ်မှ ကူးယူးဖေါ်ပြပါသည်

No comments:

Post a Comment