.......................လင်းအိမ်ငယ်လေးမှကြိုဆိုပါသည် မင်္ဂလာအပေါင်းနှင့်ပြည်စုံကြပါစေသား......... ဒီဘလော့လေးကို အလည်လာရောက်သော မိတ်ဆွေများ ပျော်ရွှင်နိုင်ပါစေ................
မူလစာမျက်နှာ နည်းပညာ ဘလော့ စာပေ ဖုန်းဆော့ဝဲလ် နိုင်ငံခြားရုပ်ရှင် မြန်မာရုပ်ရှင် FB ပေါ်မှကဗျာလေးများ

Sunday, September 29, 2013

Wanted – တစ်ယောက်တစ်နေရာ မှ



Wanted ရဲ့ သီချင်းတွေကို ကြိုက်တဲ့ အနော့်ချစ်သူအတွက် တစ်ယောက်တစ်နေရာ မှ ဆိုတဲ့ Album အသစ် လေးကို

နားထောင်ချင်တယ်ဆိုတာနဲ့ အင်တာနက်ပေါ်မှာ ရှာဒေါင်းပြီး ပို့ပေးခဲ့ရပါတယ်။ Mp3 သီချင်းတွေ တင်ပေးနေတဲ့

ဆိုဒ်အားလုံးနီးပါးပဲ သီချင်းတွေကို Audio Bitrate မူရင်း 128 kbps နဲ့ပဲ တင်ပေးကြတာများပါတယ်။ ကျွန်တော်တို့

Flash Song လုပ်သူ တော်တော်များများပဲ သီချင်း ဆိုဒ်သေးအောင်လို့ Audio Bitrate ကို 64kbps နဲ့ ချုံ့ကြတာပါ။

အဲဒီတော့ လိုင်းမကောင်းတဲ့သူတွေအတွက် လိုင်းပေါ်မှာ နားထောင်ရတာရော ၊ ဒေါင်းယူရတာပါ အဆင်ပြေပါတယ်။

ထူးထူးခြားခြားပဲ ဒီနေ့ တွေ့လိုက်တဲ့ဆိုဒ်ကတော့ Audio Bitrate မူရင်း 128 kbps ကို 192kbps  ဖြစ်အောင် လုပ်ပြီး
တင်ပေးတာ တွေ့တော့ မျက်လုံးပါ ပြူးသွားတယ်။ သူတင်ပေးတဲ့ သီချင်း ၁၁ ပုဒ်က 96 MB တောင် ရှိနေပါတယ်ဗျာ။

အဲဒါနဲ့ YouTube မှာ တစ်ပုဒ်ချင်း သွားရှာပြီး .3gp 144 နဲ့ ဒေါင်းပြီး Mp3 သီချင်းဖြစ်အောင် Convert ပြန်လုပ်ရတယ်။

ကျွန်တော်ကတော့ အားလုံးကို Audio Bitrate 64kbps နဲ့ ချုံ့တင်ပေးထားတာဖြစ်လို့ ၁၁ ပုဒ်ကို 22 MB ပဲရှိပါတယ်။

အောက်မှာ Wanted ရဲ့ တစ်ယောက်တစ်နေရာ မှ သီချင်းတွေကို နားဆင်နိုင်သလို ဒေါင်းယူမယ်ဆိုရင်လည်း ရပါပြီ။


NoTitleListenDownloadSize
1နံပါတ်တစ်Click HereClick Here1.70 MB
2ဝေးခဲ့ရင်Click HereClick Here2.16 MB
3အမှတ်မရှိClick HereClick Here2.26 MB
4နေမထွက်တဲ့ကမ္ဘာClick HereClick Here1.86 MB
5ငါ့ကုသိုလ်ကံClick HereClick Here1.82 MB
6ခွင့်လွှတ်ထားပါတယ်Click HereClick Here2.61 MB
7ကိုယ့်သေတွင်းကိုယ်Click HereClick Here2.00 MB
8ပြန်တွေ့ရင်Click HereClick Here2.19 MB
9တစ်နေ့တော့ရောက်မယ်Click HereClick Here1.86 MB
10ခေါင်းစဉ်မတပ်ပါClick HereClick Here1.81 MB
11မိုက်မဲသူClick HereClick Here2.23 MB

သူငယ်ချင်းများ အားလုံးပဲ သီချင်းလေးတွေ နားဆင်ရင်း ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။။

No comments:

Post a Comment